Wednesday, July 2, 2014

Facebook နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်အလက် (၈) ချက်

၂၀၁၃ ခုနှစ်အကုန်မှာ ကမ္ဘာတစ်ဝှမ်း လစဉ်အသုံးပြုသူ ၁.၂၃ ဘီလီယံ ရှိခဲ့တဲ့ Facebook ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူထုဆက်သွယ်ရေးကွန်ယက်တစ်ခုဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၁၃ ခုနှစ်က ကောက်ယူခဲ့တဲ့ စာရင်းအချက်အလက်အရ နေ့ စဉ်ဝင်ရောက်အသုံးပြုသူ လူဦးရေပေါင်း ၇၅၇ သန်း ရှိတယ် လို့  သိရပါတယ်။ Facebook နဲ့ ပက်သတ်ပြီး သင်မသိသေးလောက်တဲ့ စိတ်ဝင်စားစရာ အချက်အလက် (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ နေ့ စဉ်နေ့ တိုင်း Facebook accounts တွေကို ဖောက်ထွင်းဖို့ ကြိုးစားမှုပေါင်း ခြောက်သိန်း ကျော် ရှိပါတယ်။
၂။ သင့် Facebook အကောင့်ရဲ့ ဘာသာစကားကို ‘ ပင်လယ်ဓားပြ ဘာသာစကား’ အဖြစ် ပြောင်းလဲ အသုံးပြု နိုင်ပါတယ်။


၃။ မင်းသားကြီး Al Pacino ဟာ Facebook ပင်မစာမျက်နှာမှာ ပထမဦးဆုံးဖော်ပြခံခဲ့ရပါတယ်။ Facebook ဟာ ဒါကို ၂၀၀၇ ခုနှစ်မှာ ဖယ်ရှားခဲ့တာဖြစ်ပြီး ဒီဂျစ်တယ်သင်္ကေတ 0 , 1 တွေနဲ့ Al Pacino ပုံ ဖော်ထားတာဖြစ်ပါတယ်။

၎။ သင် ဘယ် နေရာတွေကို ၀င်ရောက်ကြည့်ရှုသလဲ ဆိုတာကို Facebook က ခြေရာခံလိုက်ပါတယ်။ တကယ်လို့ သင့် အကောင့်ကို Sign Out လုပ်ထားပြီးရင်တောင် Facebook က ခြေရာခံလိုက်နိုင်ပါတယ်။

၅။ လေ့လာမှုတစ်ခုအရ Facebook ကို ၀င်ရောက်ကြည့်ရှုပြီးနောက် လူ သုံးပုံတစ်ပုံဟာ  သူတို့ ရဲ့ ဘ၀ကို ပိုပြီး စိတ်မကျေမနပ် ဖြစ်ကြတယ်လို့ ဆိုပါတယ်။

၆။ Facebook ပေါ်မှာ သေဆုံးပြီးသူ users ပေါင်း သန်း ၃၀ ခန့် ရှိပါတယ်။

၇။ ၂၀၀၉ ခုနှစ်စပြီး Facebook အပါအ၀င် Twitter နဲ့ The New York Times တို့ ကို တရုတ်နိုင်ငံမှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။

၈။ သန်းတစ်ထောင်ကျော် အသုံးပြုသူတွေ ဘယ်သူကိုမဆို Block နိုင်ပေမယ့် Mark Zuckerberg ကိုတော့ သင် Block လုပ်လို့ မရပါဘူး။

Ref: factslides.com
 
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်



အဆင်ပြေပါစေ..
IT Mobile Software Studier ဘလော့အား လာလည်သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ...

တင်ပြီးသမျှ ခေါင်းစဉ်အလိုက်ကြည့်ရန်{ ဒီမှာ } သွားလိုက်ပါ...

IT Mobile Software Studier သို့{ ဒီမှာ } သွားလိုက်ပါ

ကဏ္ဍအစုံ Online/Offline ဖတ်နိုင်သော Application ကို{ ဒီမှာ } ဒေါင်းလိုက်ပါ ..

0 comments:

Post a Comment

ဝါသနာတူသူများ အဖွဲ့ဝင်ရန်ဖိတ်ခေါ်ပါသည်